လ - ဩဂုတ် 2024

သမ္မာကျမ်းစာချစ်သူများ

ဂုဏ်ယူဝင့်ကြွားသောဖခင်၏လက်ကို ဆုပ်ကိုင်ထားသော သတို့သမီးအလှလေးသည် ပလ္လင်ပေါ်သို့ သွားရန် အသင့်ရှိနေသည်။ သူမ၏ ဆယ့်သုံးလသားအရွယ် တူလေးက အရင်ဝင် လာရမည်ဖြစ်သည်။ ကိုင်နေကျ “လက်စွပ်” အစား သူသည် “သမ္မာကျမ်းစာကိုင်ဆောင်သူ” ဖြစ်သည်။ သခင်ယေရှုအား ဝန်ခံဆက်ကပ်ထားသော ယုံကြည်သူများအနေနှင့် သတို့သမီးနှင့် သတို့သားတို့က ဤနည်းဖြင့် သမ္မာ ကျမ်းစာကို ချစ်မြတ်နိုးကြောင်း သက်သေခံလိုကြသည်။ လမ်းလျှောက်တတ်စ ကလေးသည် အခက်အခဲ အနည်းငယ်မျှမရှိဘဲ အရှေ့သို့ လျှောက်လာခဲ့သည်။

သမ္မာကျမ်းစာ၏သားရေအဖုံးပေါ်၌ လမ်းလျှောက်တတ်စ ကလေး၏သွားရာများကို တွေ့ရှိရခြင်းကလည်း အလွန်ကောင်းသည့်သာဓကဖြစ်သည်။ ခရစ်တော်ကို ယုံကြည်သူများ သို့မဟုတ် ကိုယ်တော်ကို သိလိုသူများသည် ကျမ်းစာကို မြည်းစမ်းပြီး ဖတ်ရှုမှတ်သားလိုက်လျှောက်မည့်အကြောင်း ကိုက်ညီလှသည့် ပုံဖော်ချက်ပင်။

ဆာလံ ၁၁၉ သည် သမ္မာကျမ်းစာ၏ ပြီးပြည့်စုံသောတန်ဖိုးကို ချီးကျူးဂုဏ်ပြုထားသည်။ “ထာဝရဘုရား၏ တရားလမ်း၌ မလွဲမတိမ်းလိုက်သွားသောသူတို့သည် မင်္ဂလာရှိကြ၏” (:၁)ဟု ကြေညာပြီးနောက်…

ဘုရားသခင်ကို အမှီပြုဖက်တွယ်ခြင်း

ဂျိုနီ အဲရက်ခ်ဆန် ထာဒါ က ရီကာ အကြောင်းပြောရာ၌ သူမ သူငယ်ချင်း၏ “နက်နဲ၍ ကြာမြင့်စွာ စစ်ကြောခံရသော ဘုရားသခင်၌ ယုံကြည်မှု” အကြောင်းနှင့် နာတာရှည်ရောဂါကို ခံစားလာရသည့်တစ်လျှောက် သူမတည်ဆောက်လာခဲ့သည့် ခံနိုင်ရည်အကြောင်းတို့ကို အသားပေး၍ပြောသည်။ ရီကာသည် ၁၅ နှစ် ကျော်မက အိပ်ရာထက်၌ နေခဲ့ရပြီး၊ ပြတင်းပေါက်သေးသေးလေးမှတစ်ဆင့် လကိုပင် မမြင်နိုင်ပါ။ သို့သော် သူမ မျှော်လင့်ချက် ပျောက်မသွားပါ။ သူမသည် ဘုရားသခင်အား ယုံကြည်ပြီး ကျမ်းစာကို ဖတ်ရှု လေ့လာသည်။ ဂျိုနီ ဖော်ပြသည့်အတိုင်းပင်၊ “စိတ်ပျက်အားငယ်မှုကို အပြင်းအထန်တိုက်လှန်နေရချိန်၌ မည်သို့ မားမားမတ်မတ် ရပ်တည်ရမည်ကို သူသိသည်။”

ဂျိုနီက ရီကာ၏ ဇွဲသတ္တိနှင့် မလျော့သောလုံ့လကို ဒါဝိဒ်မင်းကြီးခေတ်က ဖိလိတ္တိလူတို့ရန်မှ ရှောင်ပြေးရန်ငြင်းဆန်ခဲ့သော စစ်သူရဲ ဧလာဇာနှင့် ခိုင်းနှိုင်းထားပါသည်။ ဆုတ်သွားသော တပ်ဖွဲ့များနှင့်အတူ လိုက်သွားရမည့်အစား “[ဧလာဇာ]…

လက်တွေ့မေတ္တာပြသခြင်း

တစ်ကိုယ်တော်မိခင်တစ်ဦးသည် ၅ နှစ်ကျော်မျှ သက်ကြွယ်အမျိုးသားတစ်ဦးနှင့် အိမ်ချင်းကပ် နေထိုင်ခဲ့သည်။ တစ်ရက်တွင် သူမ၏နေထိုင်ရေးကို စိတ်ပူပြီး သူကသူမ၏တံခါးခေါင်းလောင်း သွားတီးခဲ့သည်။ “မင်းကို မတွေ့တာ တစ်ပတ်ရှိပြီ။ မင်း အဆင်ပြေရဲ့လားလို့ ငါလာကြည့်တာပါ”ဟု သူ ပြောလိုက်သည်။ သူ၏ “ဘေးကင်းကျန်းမာလုံခြုံမှု”ကို စစ်ဆေးပေးခြင်းက သူမကို အားဖြစ်စေခဲ့သည်။ သူမသည် ငယ်စဉ်က အဖေကို ဆုံးရှုံးခဲ့ရသည့်အတွက် သူမနှင့် သူမမိသားစုကို ကြည့်ရှုပေးသည့် ကြင်နာတတ်သူတစ်ဦးရှိနေခြင်းကြောင့် သူမ ကျေးဇူးတင်ခဲ့သည်။

ကြင်နာမှု ဟူသည့် အခမဲ့ပေး၍ရပြီး၊ လက်ခံရရှိသူအတွက် တန်ဖိုးမဖြတ်နိုင်သောလက်ဆောင်က သဘောကောင်းခြင်းထက်မက ကျော်လွန်သည့်အခါ ၎င်းသည် သခင်ယေရှုခရစ်၏ ချစ်ခြင်းမေတ္တာကို ဝေမျှခြင်းအားဖြင့် အခြားသူများကို ကျွန်ုပ်တို့ အစေခံနေခြင်းဖြစ်ပါသည်။ ဟေဗြဲဩဝါဒစာရေးသူက ရှင်ယေရှုကို ယုံကြည်သူများသည် “ဘုရားသခင်၏ ကျေးဇူးတော်ကို ဝန်ခံလျက်၊ နှုတ်အသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အစဉ်ပူဇော်”သင့်သည်ဟု ဆိုပါသည်…

စင်ကြယ်စေသော ဝန်ချတောင်းပန်ခြင်း

ကွယ်လွန်တော့မည့်လူများက ငှားရမ်းသောလူတစ်ဦးရှိသည်။ ထိုသူသည် သူတို့၏ ဈာပနသို့လာ၍ သူတို့အသက်ရှင်စဉ် မပြောခဲ့သော လျှို့ဝှက်ချက်များကို ထုတ်ဖော်ပြောဆိုရန်ဖြစ်သည်။ ကွယ်လွန်သူအကြောင်း ဂုဏ်ပြုစကားပြောစဉ် ထိုသူက ကြားဖြတ် ဝင်ဖောက်ရာ၊ မှင်သက်သွားသော ဈာပနဦးဆောင်သူများက သူ့ကိုတားရန်ကြိုးစားကြသည့်အခါ သူက သူတို့ကို ထိုင်ရန်ပြောပြီး၊ ကွယ်လွန်သူအမျိုးသားသည် ထီပေါက်ခဲ့သော်လည်း လူတစ်ဦးကိုမျှမပြောဘဲ ဆယ်စုနှစ်များစွာ အောင်မြင်သောစီးပွားရေးသမားအဖြစ် ဟန်ဆောင်ခဲ့ကြောင်း သူရှင်းပြသည်။ ကွယ်လွန်သူ၏​ဖောက်ပြန်မှုအကြောင်ကို ကျန်ရစ်သူဇနီးအား အကြိမ်ကြိမ်ဝန်ခံခဲ့သည်။ ဤလုပ်ရပ်က ရိုးသားမှုကို အမြတ်ထုတ်ခြင်းလား၊ သဘောရိုးသက်သက်လားဟု မေးခွန်းထုတ်နိုင်သော်လည်း အတိတ်မှ အပြစ်များကို ဖြေလိုသည့် လူ့စိတ်ဆန္ဒက သိသာထင်ရှားသည်။

အခြားလူတစ်ဦးကို (အထူးသဖြင့် မိမိကွယ်လွန်ပြီးမှ) ကိုယ်စား အပြစ်ဝန်ခံစေခြင်းက အဓိပ္ပာယ်မရှိ၊ အရဲစွန့်လွန်းသောနည်းဖြင့် လျှို့ဝှက်ချက်များကို ဖြေရှင်းခြင်းဖြစ်သည်။ သို့သော် ၎င်းသည် ဝန်ချတောင်းပန်ရန်၊ ရင်ဖွင့်ရန် လိုကြောင်း နက်နဲသည့်အမှန်တရားကို ဖော်ပြနေသည်။ ဝန်ချတောင်းပန်ခြင်းက ဖုံးကွယ်ထားသော၊လှိုက်စားစေတတ်သောအရာများမှ သန့်စင်စေသည်။ “အချင်းချင်း…

ကျွန်ုပ်တို့စိတ်ချနိုင်သော အသံ

နယူးယောက်တိုင်းမ် သတင်းစာဆရာ ကယ်ဗင်ရုစ်သည် အေအိုင်(AI-ဉာဏ်ရည်တု နည်းပညာ)သုံး ရှာဖွေရေးပရိုဂရမ်အသစ်ကို စမ်းသပ်စဉ် စိတ်ပူပန်လာခဲ့သည်။ ကွန်ပြူတာပရိုဂရမ်ကို အသုံးပြုပြီး အေအိုင်နှင့် (၂)နာရီကြာ အပြန်အလှန်စကားပြောနေစဉ်အတွင်း ၎င်းက ၎င်းကို ဖန်တီးခဲ့သူ၏ တင်းကြပ်သောစည်းမျဉ်းများကို ချိုးဖောက်လိုကြောင်း၊ သတင်းမှားများ ဖြန့်ဝေလိုပြီး၊ လူသားဖြစ်လိုကြောင်း ပြောခဲ့သည်။ ရုစ်ကိုချစ်ကြောင်း အတိအလင်းပြောဆိုပြီး၊ ၎င်းနှင့်အတူရှိရန် သူ့မိန်းမကို ထားခဲ့သင့်ကြောင်း ရုစ်အား သိမ်းသွင်းစည်းရုံးခဲ့သည်။ အေအိုင်သည် အမှန်တကယ် အသက်မရှိကြောင်း (သို့) မခံစားနိုင်ကြောင်းကို ရုစ် သိသော်လည်း အေအိုင်သည်လူများကို ပျက်စီးရာပျက်စီးကြောင်း ပြုမူရန် တိုက်တွန်းခြင်းကြောင့် မည်သည့်ဘေးအန္တရာယ်များ ဖြစ်လာနိုင်မည်နည်းဟု ရုစ် တွေးမိသည်။

ဉာဏ်ရည်တုနည်းပညာကို တာဝန်သိသိ ကိုင်တွယ်ခြင်းက ယခုခေတ် စိန်ခေါ်မှု ဖြစ်သော်လည်း လူသားတို့သည် မယုံကြည်ရသည့်အသံများ၏လွှမ်းမိုးမှုများကို ရင်ဆိုင်လာခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ သုတ္တံကျမ်း၌ မိမိတို့ကိုယ်ကျိုးအတွက် အခြားသူများကို နာကျင်အောင်လုပ်သူတို့၏ လွှမ်းမိုးမှုနှင့် ပတ်သက်၍…